Monday, April 30, 2012

အတိတ် + ပစ္စုပ္ပန် + အနာဂတ် = အတိတ်

အတိတ် + ပစ္စုပ္ပန် + အနာဂတ် = အတိတ် 

နားလည်တယ် ဆိုတဲ့ မင်း စကားတစ်ခွန်း နားမှာ ကြားနိုင်ဖို့ တစ်ခုတည်း အတွက်နဲ့ နားလည်ပေးပါ လို့ ငါ တောင်းပန် ခဲ့တာမှ မဟုတ်တာ...။ အတိတ်ဆိုတာ အတိတ်မှာဘဲ သူ့ဟာသူ နေနေတာပါ... အခု ငါတို့တွေ ရဲ့ ပစ္စုပ္ပန်ဟာ တချိန်မှာ အတိတ်ဖြစ်သွားမှာလေ.. လာမယ့် အနာဂတ်ဆိုတဲ့ အရာဟာလည်း ငါတို့ ရဲ့ ပစ္စုပ္ပန်ဖြစ်လာဦးမှာ...

အချိန်တွေ ရွေ့လာတာနဲ့အမျှ အတိတ်တွေသာ ထပ်လာဦးမှာ.။ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတာ တစ်ကယ်တမ်း တော့ အချိန်ရဲ့ လှည့်စားမှု တစ်ခုလား..!! ငါမဲ့ပြုံးမပြုံးတတ်ဖူး လွတ်လပ်စွာ ကြေကွဲ တတ်သူ ပါ ကွယ်...။

“ငါ့ ကောင်းကင်မှာ ကြယ်တွေတောက်ဖူး သလို  ငါ့ မျက်နှာကျက်ဟာ ကြပ်ခိုးတွေနဲ့ မွန်းကြပ်ခဲ့ဖူးတာလေ..”
“ငါ့ နံရံမှာ ပန်းတစ်ခင်းချယ်သဖူး သလို  ငါ့ အသက်ရှူသံတွေလည်း ဘီလူးစီးခဲ့တာပဲ မဟုတ်လား..!!”
“မင်းရယ်သံတွေဟာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ သလို  ငါ့ အလွမ်းတွေနဲ့ ငါ့ ဝိညာဉ်ဟာ ထွက်ပေါက်မဲ့ ခဲ့ဖူးတယ်..”


မှော်အတတ် ကို ငါမတတ်ပေမယ့် ငါဟာ တကယ်တော့ ၁၂ ကြိုးအောင် တဲ့ ကဝေမ ဖြစ်ခဲ့ ဖူးတယ် ထင်ရဲ့။ အနာဂတ် ကို မြင်နိုင် တဲ့ ပညာရှင်တွေ ကို မေးစရာ မလိုပဲ ငါ သိနေ တာပါ။ အကောင်း နဲ့ အဆိုး တွေကြား မှာ ဒွန်တွဲ နေ တဲ့ ကြိုးတွေ အကြောင်း မင်းတို့ တကယ် နားလည်နိုင် လို့လား..!!

ငါ့ကိုယ်ငါ ရယ်ချင်တယ်.. 
ရင်ခုန်နေတယ်.. 
ကြေမွနေတယ်.. 
မျက်ရည်ဝိုင်းနေတယ်.. 
ငါပြုံးနေတယ်.. 
ကြေကွဲနေတယ်.. 
မကြာခင် ငါဟားတိုက်ရယ်ဖြစ်မလား..!!

Self Control တဲ့..!! ဘာကိုပြောချင်တာလဲ.. ငါမသိ ငါ့မှာမရှိ... ချစ်ခြင်း မှာ ငါ့လိပ်ပြာငါ လုံခဲ့တယ်... တပ်မက်မှု တွေကင်းခဲ့တယ်.. လောဘ ကင်းစွာ ရူးသွပ်ဖူးတယ်... အတွေးတွေကို ထင်ရာ စိုင်းနေ တတ်တဲ့ မိန်းမ ဟာ ငါမဟုတ်ဘူး..။ သေချာတယ် ငါဟာ တစ်စုံတစ်ရာ ကို ကျေနပ်စွာ အလိုက်သင့် စီးမျော တတ်သူ လည်း မဟုတ်ပြန် ဘူး..။ ထပ်တူပြုမှုတွေမှာ တစ်သားတည်းကျရင်း ကပ်ပါးကောင်လေး တစ်ကောင်လို တွယ်ကပ်နေဖူးသူ....။

ငါ ဘာကို ကုစားဖို့ ဒါတွေရေးနေတာလဲ...!! လိုလို့လား..!! ငါ့မှာ ဒဏ်ရာ ရှိနေတာလား..!! ငါဘယ်သူ့ကို မေးနေ တာလည်း..!! ငါ့ကိုယ်ငါလား..!! ဒါမှမဟုတ် ငါ့လက်ထဲက ဖန်ခွက်မှာ ပုံရိပ် ပေါ်နေတဲ့ ငါ့မျက်နှာ နဲ့ မိန်းမ ကိုလား..!! အို... သွားစမ်းပါ.. အသက်မဲ့လိုက်တာ... အော်ဂလီဆန်လိုက်တာ... ပေါက်ကွဲ လိုက်စမ်း ပါ.. ဘာကိုထိန်းချုပ်နေတာလဲ.. ဘာကိုလဲ..!!

အဲဒီမိန်းမပေါ့.. ငါ့ကိုပြန်ထောက်ပြနေတာ.. “မင်းဟာ ခမ်းနားတဲ့ စာလုံးတွေကို သုံးပြီး ရူးသွပ်နေသူ” ဟုတ်လားးးးး...!! ဟာ...ဟ... မင်းငါ့ကို ခပ်ထွေထွေ မျက်လုံးတွေ နဲ့ နားစွင့်နေတာ ငါသိတယ်.. အေး ငါပြောမယ် နားထောင်လိုက်....။

“အခုအချိန်မှာ ငါဟာရူးသွပ်နေတယ် ဆိုဦးတော့ ဒီပစ္စုပ္ပန်ဟာ တစ်ချိန်ချိန်မှာ အတိတ် ဖြစ်သွားဦးမယ် ဒီ စာသားတွေ ကင်းသွားမဲ့ အနာဂတ် ဟာလည်း ငါ့ပစ္စုပ္ပန် ဖြစ်လာဦးမှာ ဆိုတာ...

အတိတ်ဖြစ်လာတော့မယ့် အရာရာဟာ နှင်းမှုံတွေလို တဖွဲဖွဲနဲ့....
 ~~~~~~ ထပ်ကျ 
၂ ~~~~~~~~ ထူထပ် 
 ~~~~~~~~~~ သိပ်သည်း 
 ~~~~~~~~~~~~~ ကျစ်လစ် 
၅ ~~~~~~~~~~~~~~~~ ပုံသည်ထက်ပုံလာဦးမှာပေါ့.....။ 
~~~~~~ အဲဒီနောက်မှာတော့ ~~~~~~ 
၆ ~~~~~~ 
၇ ~~~~~~~~~~ 
၈ ~~~~~~~~~~~~~~ 
၉ ~~~~~~~~~~~~~~~~~~~
####~~ ကိန်းဂဏန်းတွေ ဘယ်လောက်ပဲဖြစ်ဖြစ်~~ ငါမငိုဘူး~~ သိလား~! မျက်ရည်ဝဲရုံလေးပါ...။


(ခင်လေးငယ်)  
Friday, October 17, 2008 
http://www.koyinnawkhinlaynge.blogspot.com/2008/10/blog-post_18.html


လွန်ခဲ့တဲ့ သုံးနှစ်နီးနီး ကာလက စကားစုလေးတွေအဖြစ် ချရေးခဲ့ဖူးတဲ့ အတိတ်ထဲက စိတ် အဆာပြေ ရူးသွပ်မှု တစ်ပိုင်းတစ်စလေးပါ...။ အဲ့ဒီတုန်းကတော့ တကယ့်  ပစ္စုပ္ပန် ဖြစ်ခဲ့ဖူးပါတယ်..။ ခုတော့လည်း.....။ 



1 comment:

ထရီဆာ said...

အင်း...မျောပါလာမိတာတော့အမှန်ပဲ..ပေါက်ကွဲလိုက်..ပျက်သုန်းလိုက်...မာန်တင်းလိုက် ဖြစ်သွားမိတယ်...
ဒီ ၁ ပုဒ်လည်း ထပ်အားပေးသွားပါတယ်....။