Thursday, June 7, 2012

~ စီးဆင်းနေသည့် မြစ်တစ်စင်း နှင့် တူသော ~



ဖြစ်ရပ်တိုင်းဟာ ဘယ်တော့မှ ထပ်တူ ပြန်ကျ မနေပါ။ သစ်လွင်မှုတွေသာ အမြဲ ရှိနေ~ ရှင်သန် လန်းဆတ် နေပါတယ်။

အတိတ် ဆိုတာကို အသိအာရုံမှာ တစ်ချက် ပြန်တွယ်တာ လိုက်တာနဲ့ အခု ခဏလေးရဲ့ အလှဟာ အကျည်းတန် သွားပါလိမ့်မယ်။ အတိတ် ရဲ့ အညစ်အကြေး (ဒါမှမဟုတ်) ပုပ်အက်အက် အရောင်တွေ~ ဆိုးဝါးလှတဲ့ အနံ့တွေနဲ့ သုတ်လိမ်း ခံလိုက်ရမှာပါပဲ..။


အနာဂတ် ကို မှန်းမျှော်လိုက် ပြန်ရင်ကော ဘာဖြစ်နိုင် ပါသေးလဲ.?


အနာဂတ် ဆိုတာကို တမ်းတ မှန်းမျှော်မိလိုက်တဲ့ စိတ်လေးဟာ ကျွန်မတို့ ပိုင်ဆိုင်တဲ့ အခု ခဏဆိုတဲ့ “အလှ” လေးကို မေ့လျော့ သွားစေ တော့ တာ ပဲပေါ့ ~

ဒါဟာ ~ ကြေကွဲစရာ ~ စိတ်မကောင်းစရာ ~ အခြေအနေလေး တစ်ခု ဖြစ်လို့ နေပါတယ်..။

ဒါ့ကြောင့် လည်း ပစ္စုပ္ပန် ခဏလေးတိုင်းဟာ သီးခြား ဖြစ်တည်နေတယ် ဆိုတာကို လက်ခံနိုင်ဖို့ ကျွန်မတို့ လိုအပ်ပါလိမ့်မယ်..။ အခြား အခြားသော အချိန်အခါတွေနဲ့ အတူ မရှိသလို~ အတုလည်း မရှိပါဘူး~ အနှိုင်းမဲ့လေးသာ ဖြစ်လို့ နေပါတယ်။

ကျွန်မတို့ တတွေဟာလည်း အချိန်တိုင်း၊ ခဏတိုင်း၊ တစ်တိုင်းတည်း ထပ်တူကျ တူညီနေ ပါသလား..?

ဟင့်အင်း..!! တူမနေ ပါဘူး..။ အစဉ် ပြောင်းလဲမြဲ ပြောင်းလဲလို့ နေနေပါတယ်။ ဒါဟာ သဘာဝလည်း ကျပါတယ် ~

အခု ခဏ အခု စက္ကန့်လေးကို အရင်အတိတ် မှာ ရရှိခဲ့ဖူး လို့လား..!! မရခဲ့ဖူး ပါဘူး။ အခုဆိုတဲ့ ဒီခဏလေးကို နောင်လည်း ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ပါဘူး..။

**ကျွန်မတို့တွေ ~ အခု စက္ကန့်လေးကို အရိုးရှင်းဆုံး နေထိုင်ကြည့် ကြရအောင်ပါ**

**ကျွန်မတို့တွေ ~ ဒီ ခဏလေးကို တည့်တည့်မတ်မတ် ကြည့်မြင် ကြရအောင်ပါ**

**ကျွန်မတို့တွေ ~ “နေထိုင်” “ကြည့်မြင်” လိုက်တဲ့ ချမ်းမြေ့မှုလေးကို အခုပဲ “သိ” ကြရအောင်ပါ**

(ခင်လေးငယ်)
2012/ 06 /06

2 comments:

ထရီဆာ (Teresa) said...

မခင်လေးငယ် မင်္ဂလာပါရှင့် ... စာအရေးအရေးအသားလေးတွေကို နှစ်သက်မိတယ်...ထရီဆာရဲ့ ဘလော့မှာလည်း ချိတ်ထားခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်ရှင့် .....
**ကျွန်မတို့တွေ ~ အခု စက္ကန့်လေးကို အရိုးရှင်းဆုံး နေထိုင်ကြည့် ကြရအောင်ပါ**

**ကျွန်မတို့တွေ ~ ဒီ ခဏလေးကို တည့်တည့်မတ်မတ် ကြည့်မြင် ကြရအောင်ပါ**

**ကျွန်မတို့တွေ ~ “နေထိုင်” “ကြည့်မြင်” လိုက်တဲ့ ချမ်းမြေ့မှုလေးကို အခုပဲ “သိ” ကြရအောင်ပါ**
စာစုလေးကို မှတ်သားသွားပါတယ်.....

Anonymous said...

ထပ်ရောက်ခဲ့တယ် အမ၊ နှစ်သက်လို့ ထပ်ဖတ်သွားခဲ့တယ် :)