အိပ်လည်း မရ
သက်ပြင်းသာချ
ကျွန်မရဲ့ ”ည”..
ပင်လယ်စပ်က
ရေလှိုင်းဖွဖွ
က နေတဲ့ ”ည”..
လေညင်းထက်က
လှေငယ် နွမ်းလျ
အေးစက်စက် “ည”
တံတားထက်က
ကြယ်ပြာ ရေခ
ပင့်သက်ရှိုက် “ည”..
ခပ်ဝေးဝေးက
တေးသံ ကွဲရှ
ကာရန်မဲ့ “ည”
နုညံ့လှပ
ခေါ်သံချိုမြ
ခြေသံမဲ့ “ည”..
နာရီသံက
ငိုရန် နိုးဆွ
ခါးသီးတဲ့ “ည”..
ဖဲပြားလှလှ
ပြေကာ မြေခ
ကေသာရှုပ် “ည”..
အိပ်စက်မရ
အိပ်မက်ထဲက
ကျွန်မရဲ့ “ည”..။
(ခင်လေးငယ်)
1 comment:
ကြည်အေး ရဲ့ တစ္ဆေကဗျာကို သွားသတိရမိလိုက်တယ်.....
ဒါပေမယ့် အစ်မရဲ့ ကဗျာကလည်း တစ်မျိုးလှနေတယ်
ကာရန်ညီနေပုံလေးတွေ သဘောကျတယ်
သေချာယူထားပုံ မဟုတ်ဘဲ ~~ အမှတ်တမဲ့ ညီသွားသလိုမျိုးလေး ~
လှတယ် :)
Post a Comment