KENT တစ်လိပ်။
ဘယ်လက်ချောင်းလေးတွေထဲမှာ ခပ်ဖွဖွ။
မီးခြစ်လေးတစ်လုံး။
ညာလက်ဖဝါးနဲ့ ခပ်တင်းတင်း ဆုပ်ကိုင်။
နှုတ်ခမ်းဖြားမှာ ခပ်တေ့တေ့တပ်။
မီးကို ခြစ်တယ်။
သူ့ကို ညှိတယ်။
လောင်ကျွမ်းခြင်း စပြီ။
အဖြူပျက်ရောင် မီးခိုးတွေ။
မီးခိုးရောင် မီးခိုးငွေ့တွေ။ တငွေ့ငွေ့။
လေထုထဲမှာ ဝေ့ကာ ဝိုက်ကာ။
တလိပ်လိပ်နဲ့ တွှန့်ကာ ခေါက်ကာ။
ကွေးကာ ကောက်ကာ။
ဟိုး အဝေးက ထက်ယံဆီကို။
ဖြည်းဖြည်း လွင့်ပျံ့..။
လွင့်ရာက ပါး..။
ပါးရာက ဝါး..။
ဝါးရာက ပျောက်..။
မီးခိုးတွေလိုပဲ စိတ်အစဉ်နဲ့ ခန္ဓာ။
သူခေါ်ရာ လိုက်ပါ။
လွင့်..။
ပါး..။
ဝါး..။
ပျောက်..။
နောက်ဆုံးမှာတော့ စိတ်နဲ့ ခန္ဓာ..
ငါဟာ “ပြာ” အဖြစ်သာ ကျန်ခဲ့တယ်..။။
(ခင်လေးငယ်)
1 comment:
လွင့်..။
ပါး..။
ဝါး..။
ပျောက်..။
သင်္ခါရတွေ ....
ဒေါ်ခင်လေးငယ် ..
Post a Comment