လှလှပပ ခြွေချ- ကြွေပြသွားခဲ့
လှလှပပ နောက်တစ်ပွင့် ဖူးပွင့်လာခဲ့..။
ကြွေကြွေ- ခြွေခြွေ - ဝေဝေ ပေါ့.!
ဟိုး အရင်ကလည်း သစ်တယ်
မနှစ်ကလည်း သစ်တယ်
မနေ့ကလည်း သစ်တယ်
နောက်ဆုံး စက္ကန့်လေး အထိ သစ်- သွားခဲ့တယ်
အားလုံး အသစ်တွေချည်းဘဲ..!
ဦးခေါင်းကို မော့- လက်နှစ်ဖက် ဆန့်တန်းလို့
ဘုရားသခင်ထံ
ကျေးဇူးတော် ချီးမွမ်းခန်း မဖွင့်ဆိုလို
ဒီမှာ January ရေ ~
မင်း ကိုယ်တိုင်ကိုလည်း
အထွေအထူး ကျေးဇူးတင်ကြောင်း
တိုးဖွဖွ မပြောလိုတော့..။
မင်းလည်း သစ်တယ်။
ကိုယ်လည်း....
ကြည်ကြည်နူးနူး သစ်တယ်
ချမ်းချမ်းမြေ့မြေ့ သစ်တယ်
တိတ်တိတ်ဆိတ်ဆိတ် သစ်တယ်
မခို့တရို့ သစ်တယ်
ရဲရဲရင့်ရင့်လည်း သစ်တယ်..
ထပ်မပြောတော့ပါဘူးကွယ်..။
ကဲ ~~ လာ
ကိုယ့် အသက်ရှူသံ အခု ဒီခဏမှာ
တစ်စက္ကန့်ချင်း အတူတူ
က-ခုန် ကြစို့လား ကွယ့်..။
ခင်လေးငယ် 2013/ 01/ 01 @17: 50 PM