စင်မြင့်က နှင်းရောင်သန်းနေတဲ့
လေထုထဲမှာဖြစ်တယ်..။
ချစ်ခြင်းမေတ္တာ..~
ထို အရှိ
ထို အသိ
နဲ့
ခက်ခက်ခဲခဲ ကကွက်တစ်ခုကို
ပေါ့ပေါ့ပါးပါး ပုံဖော်လို့
လှလှပပ “က”
ပြနေတယ် ဆိုစို့ရဲ့...။
မှတ်ချက်။ ။ အဲ့ဒီ ကမ္ဘာမှာ ကြယ်တွေပဲ
နေထိုင်ကြတယ်..။
(ခင်လေးငယ်) 2013/ 01/ 11