တီးတိုးသဲ့သဲ့ ညည်းတွားမိသည်..။ ထို့နောက် နှုတ်မှဖွဖွ ရွတ်ဆိုမိပြန်၏..။
“အပေါ်ယံ..”
ကျွန်မ စိတ်နှလုံးအသိ၏ အဝန်းဝိုင်းထဲ၌ ထိုစကားလုံး မရှိ..။ ထိုနှင့်ခပ်ဆင်ဆင် တူနိုင်ပါသော အကြောင်းအားလည်း ကျွန်မ မပြု..။
ကောင်းကင်ယံ၌
ညိုမှိုင်းမှိုင်းတိမ်တိုက် အချို့ ဥဒဟို မျောလွင့်လျက် ရှိသည်..။ ကျွန်မ၏
နာရီအချို့ နှစ်ချီ၍ တိတ်တဆိတ် ငြိမ်ဝပ်နေသည်မှာ ရှည်ကြာခဲ့ပြီ..။
ကျွန်မသည် ကျွန်မသာဖြစ်ခြင်းကြောင့်~~ ကျွန်မသည် ကျွန်မကိုသာ မြင်အောင်ကြည့်ပါသည်..။
ကျွန်မ
မဟုတ်သော အသင်သူသည် ကျွန်မအား နားလည်ရန် ကြည့်မြင်ခြင်းငှာ မဖြစ်နိုင်
သကဲ့သို့.. ကျွန်မသည် အသင့်အတွက် မှား/မှန် သုံးသပ်ရန် ပုစ္စာတစ်ပုဒ်လည်း
ဟုတ်မနေပါ..။
“. . . . အိုဘယ့် အသင် . . . . ”
┊ ┊ ┊ ┊ ☆
┊ ┊ ┊ ★
┊ ┊ ☆
┊ ★
☆
ရင်၌တည်သော အရာကိုသာ လည်ချောင်းတွင် အသံအဖြစ်ပြုပါလော့..!!
ထို့နောက် ရင်နှလုံးအိမ်မှ လာသော စကားများကိုသာ အသင့်ဝန်းကျင်၌ လှိုက်လှိုက်လှဲလှဲ ဖူးပွင့်စေပါလော့..!!
အသင်သည် “အပေါ်ယံ..” များကို ဖယ်ကာ- အသင့်ကိုယ်အသင် မြင်အောင်ကြည့်ပါလော့..!!
တီးတိုးသဲ့သဲ့ ညည်းတွားမိသည်..။ ထို့နောက် နှုတ်မှဖွဖွ ရွတ်ဆိုမိပြန်၏..။
(ခင်လေးငယ်) 2013/ 06/ 20
No comments:
Post a Comment