Sunday, November 17, 2013

~ ဘယ်လိုလဲကွယ် ~


ကိုယ်တိုင်နင်းဖို့ ကိုယ်တိုင်ခင်းပြီး
ပြန်ဖြိုခံရတဲ့ စစ်တွင်းသုံး တံတားတွေလို
ဘုရားသခင် လက်ဖဝါးထဲက တိမ်တိုက်ညိုတွေ
ကိုယ့်အပေါ် သည်းကြီးမည်းကြီး တစ်ဝုန်းဝုန်း ရွာချ-

အဲ့သလိုပဲ...
အတိတ်ဘဝကံရဲ့ သက္ကရာဇ်အိုတွေ ပြိုကျစေချင်ခဲ့တာ
စွန့်စွန့်စားစား ဒီစိတ်ဇော အကပ် (မာတိကာလှန်. နိဒါန်းပျိုးတုန်း)
အိပ်မက်တွေသာ ပျိုမျစ်စွာနဲ့ ညတိုင်းညတိုင်း ရပ်ရပ်သွား သတဲ့..။

ကဲ.........!!

 
ခင်လေးငယ် ::: 2013/ 08/ 21:::

1 comment:

အကြင်​နာ သူရဲ​ကောင်း said...

လာ​ရောက်​ ဖတ်​ရှုသွားပါသည်​ ​ကျေးဇူးတင်​ပါတယ်