Monday, November 18, 2013

~~ သမီးရေ ~~

မယိုင်မလဲ ထားဆဲစိတ်နဲ့
ဘဝရဲ့ဒဏ် ကြံ့ကြံ့ခံကွယ့်...

ဖြစ်နဲ့ပျက်ကြား ထူးခြားမဲ့ကာ
မမြဲခြင်းသာ မှန်တရားကွယ့်...

ကြွေးဟောင်းပေါ်တိုင်း ရဲရဲသာဆပ်
တစ်ရံမလပ် သတိကပ်ကွယ့်...

ဖြစ်ပျက်ကွာလို့ အမည်ပြောင်းလည်း
ကြုံတိုင်းပျော်ပျော် သာဓုခေါ်ကွယ့်...

ကြွေးသစ်မထပ် စွန်းထင်းလပ်လို့
အားငယ်စိတ်ဖယ် ပေါ့ပါးစေကွယ့်...

ဝမ်းနှင့်လွယ်မွေး မေမေ့သွေးမို့
သတ္တိသွန်းလောင်း အားသစ်ပြောင်း၍
သံသရာဆုံး အသိသုံးဟု
ထပ်ခါတလဲ မှာနေဆဲလေ
ဝေးက မေ့သမီး ကြားနိုင်စေ..။.


 မေမေ့မေတ္တာ မေမေ့စကားများအား လွမ်းဆွတ်သတိရရင်း ~ အားငယ်မိသော နေ့ရက်များထဲမှ မိမိကိုယ်တိုင်သို့ ခွန်အားပေး ရေးဖွဲ့ပါသည်..။
 

No comments: