“ချလွမ်း.... ချလွမ်း....”
သတိတွေ အရမ်း ထား နေသည့် ကြား မှ ဖန် ပန်းအိုးလေး လွတ်ကျပြီး တစ် စစီ ကွဲခဲ့ပြီ...။
“ဟဲ့.. ဘာသံတွေ လည်း... မိအေး... ငါဒီလောက် အတန် တန် မှာထား တဲ့ကြား က ခုတော့ကွဲပြီမှတ်လား.. ဒီ ဖန် ပန်းအိုး က နင့်လခ ငါး လခစာလောက် တန် တယ်..”
“သွား.. သွား နင့်လခတော့ မဖြတ်တော့ဘူး.. နင့်ကို ကောင်းကောင်း ဒါဏ်ပေး ရမယ်.. အဝတ်လျှော်စက် နှစ်ခု လုံး ထဲက အဝတ်တွေ အကုန် ထုတ်ပြီး အားလုံး လက်နဲ့လျှော် .. ဒါဘဲ”
“ပြောင် ပစေနော်.. အားလုံး မပြီးမချင်း နင် ထမင်းစား ရမယ် မထင် နဲ့... နင့် အမေ မိလှ ကို ကူခိုင်း ဖို့လည်း လုံးဝ မစဉ်းစား နဲ့.. ကြား တယ်နော် မိအေး.. ငါနှစ်ခါ ထပ် မပြော ဘူး.. နောက် တစ်ခါ ဒါမျိုးဖြစ် ရင်တော့ အိမ်က ဆင်း ဖို့ နင့် အဝတ်ထုပ် သာ ပြင် ထားပေတော့.. ဟဲ့.. သွားလေ.. ငါ လုပ် မိတော့မယ်”
ဖွားဖွားကြီး လက် အရွယ်မှာ ကြောက်လန့်တကြားနဲ့ နောက်ကို ဆုတ် လိုက် တယ်။ ဖိနပ် မပါတဲ့ ခြေဖဝါးက ကွဲနေတဲ့ ဖန်စပေါ်ကို တက်နင်း မိပြီး သမီး ဖနောင့်က သွေးတွေထွက်လာပြီ..။
“ချလွမ်း... ခွမ်း”
“ဖွားဖွားရေ... ဖွားဖွား.. လုပ်ပါဦး.. သားရဲ့အခန်းထဲမှာ ဘောလုံး ကန်လိုက် တာ သားGame ကစားနေကြ TV မှန်ကြီး ကွဲသွားလို့”
“ဟဲ့.. ဘုရား.. ဘုရား.. ငါ့မြေးလေးကို မှန်ကွဲစတွေ ဘာတွေ စဉ် သွားသေး လား လုပ်ကြ ပါဦး.. အမလေး မြေးလေး ရယ်... ရင်တွေ တုန်လိုက် တာ လာပါဦး ဖွားဖွားဆီ..”
“မိလှ ဘာကြည့်နေ တာတုန်း.. သွား.. ခြံထဲက မောင်မြင့် နဲ့ သာမောင့် ကိုသွားခေါ်စမ်း.. ပြီးရင် ငါ့အခန်း ထဲက TV မြေးလေး အခန်း ကို ချက်ချင်း ရွှေ့ခိုင်း လိုက် ကြားလား ”
ခဏလေး အတွင်း မှာ ဖြစ်သွားတဲ့ အဖြစ် အပျက်တွေ က မြန်လွန်း နေတယ်။ ကျမ ဖနောင့်လေး ကို လှမ်းကြည့် ရင်း ပြေးထွက် သွား တဲ့ မေမေ.... မေမေ့မျက်လုံးတွေထဲမှာ မျက်ရည်စလေးတွေနဲ့ပါ..။ ဟင့်အင်း သမီး ဘာမှ မဖြစ် ပါဘူး မေမေရယ်..။ သွေးတွေ သာ အရမ်း ထွက်နေ တာပါ သေလောက်တဲ့ ဒါဏ်ရာ မှ မဟုတ်တာ.. အဝတ်တွေ လျှော်ရ ဦးမယ်..။ သမီး ဗိုက်ဆာ နေပြီ မေမေရေ...။
(ခင်လေးငယ်)
Art Credit to George Siaba: Poor Girl Painting.
No comments:
Post a Comment